/2015/

Contest Rules

  • ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။ အသက်အရွယ်၊ အလုပ်အကိုင်အရည်အချင်း မကန့်သတ်ပါ။
  • ၃မိနစ်မှ ၅မိနစ်အတွင်းကြာသောဇာတ်ကားတိုကို ခေါင်းစည်းသတ်မှတ်မထားပဲ စိတ်ကြိုက်ရိုက်ကူးနိုင်သည်။
  • ပြိုင်ပွဲဝင်တို့၏ Micro Film ဇာတ်လမ်းနှင့်ဇာတ်ညွန်းကို TV၊ Website၊ သတင်းစာ အစရှိသော မီဒီယာများမှတဆင့် ထုတ်လွှင့်ပြသမည်ဖြစ်သောကြောင့် ဦးစီကျင်းပရေးအဖွဲ့မှ ထုတ်လွှင့်ပြသခွင့်ရှိသည်။ ပြိုင်ပွဲဝင်ရလဒ်သည် ရွေးချယ်ရေး အဖွဲ့၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်သည်။
  • မိမိကိုယ်တိုင်ဖန်တီးထားသော ဇာတ်လမ်း ဖြစ်ရမည်။ ပြိုင်ပွဲဝင်တို့၏ မူပိုင်ခွင့်ဆိုင်ရာပြဿ     နာများကို ဦးစီးကျင်းပရေး အဖွဲ့မှ တာဝန်ယူမည်မဟုတ်ပါ။
  • မိမိဖန်တီးသောလက်ရာမှာ ကျင့်ဝတ်၊ ဥပဒေများနှင့် ငြိစွန်းခြင်းမရှိစေရ။ ထို့အပြင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးကို ထိခိုက်ပျက်ပြားစေမည့် အကြောင်းအရာများလည်း မပါဝင်စေရ။
  • MPEG 720*480 အောက်မနိမ့်သောအရည်အသွေးရှိရမည်။ မြန်မာနိုင်ငံထုတ်လွှင့်မှုစနစ်ဖြစ်သော NTSC system ဖြစ်ရမည်။ ထို့အပြင်ပြိုင်ပွဲဝင် Micro Film ထဲတွင် ဇာတ်လမ်းအကြောင်းကို ရှင်းလင်းသေမြန်မာစကားပြော (သို့) မြန်မာစာတန်းထိုးကိုသာ ပါဝင်ခွင့်ရှိသည်။
  • ပြိုင်ပွဲဝင်လျှောက်လွှာနှင့်အတူ မိမိ၏ဇာတ်ကား၊ ဒီဇိုင်းဓာတ်ပုံ (JPEG-4*6 size ) တို့ကို Email (သို့) DVD ခွေကူးပြီး အမြန်ချောပို့ (သို့) လူကိုယ်တိုင်ဖြင့် အောက်ပါလိပ်စာသို့ ပေးပို့နိုင်ပါသည်။
    • Email : [email protected]
    • Phone : 09-973808394 (ရုံးချိန်အတွင်းသာ)
    • ပေးပို့ရန်လိပ်စာ - အမှတ်(၉) ၊ စီ-၅ ၊ ၄လွှာ-တော်ဝင်အိမ်ရာ ၊ (သမ္မတရုပ်ရှင်ရုံအနောက်) ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။
  • ပြိုင်ပွဲဝင်လက်ရာကို Aug 31 နောက်ဆုံးထားပြီးပေးပို့ရပါမည်။
  • ပြိုင်ပွဲစည်းကမ်းချက်များနှင့်လျှောက်လွှာပုံစံများကို https://www.facebook.com/myanmarmicrofilm နှင့် www.myanmarmicrofilm.com တွင် Download ရယူနိုင်ပါသည်။
  • Aug-Sep အတွင်း Final ပြိုင်ပွဲဝင် (၁၀) ကားကို အကဲဖြတ်ရွေးချယ်ပြီး Best Micro Film (ပထမ ၊ ဒုတိယ ၊ တတိယ) ဆု များကို စက်တင်ဘာလတွင် ကျင်းပမည့်နောက်ဆုံး Final ပွဲတွင် ဆက်လက် အမှတ်ပေးရွေးချယ်သွားပါမည်။